08 July 2013

စင်ကာပူနိုင်ငံမှ Pro တစ်ယောက်ဖြစ်တဲ့ hyhy


                   hyhy ဟာ စင်ကာပူလူမျိုးတစ်ယောက်ဖြစ်ပြီး အသက် 23 ပဲရှိသေးတဲ့ pro ကစားသမားတစ်ယောက်ဖြစ်ပါတယ်...။ သူကြမ်းတဲ့ hero တွေက Shadown Fiend, Morphling နဲ့ Kunkka ဖြစ်ပါသတဲ့...။
                   2007 ခုနှစ်ကုန်ခါနီး hyhy ဟာသူ့ရဲ့ အရင်အသင်း Micronology ကို ဖျတ်သိမ်းခံရပြီး Zenith အသင်းကိုရောက်ရှိခဲ့ပါတယ်...။ Zenith အသင်းသည် ESWC အသင်းကို သူတို့ရဲ့ ပြင်းထန်တဲ့စွမ်းရည်နဲ့ အနိုင်ယူခဲ့ပါတယ်..။ သူ့အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်မကောင်းမှုကြောင့် hyhy ဟာ Kingsurf အသင်းကို september 2008 မှာဝင်ခဲ့ပါသည်...။ 2009 မှာတော့ Kingsurf ဟာသူ့အသင်းနာမည်ကို Aeon လို့ပြောင်းလဲခဲ့ပါတယ်...။ သူတို့အတူတကွ ADE အသင်းကို နိုင်ခဲ့ပါတယ်...။
                   ပိုကောင်းတဲ့ ငွေကြေးထောက်ပံ့မှုကြောင့် hyhy ၏ Aeon ဟာ Scythe Gaming ကိုပြောင်းလဲခဲ့ပါသည်...။ ဒါပေမယ့်လည်း Scythe ရဲ့ အရည်အချင်းမမှီမှုကြောင့် WDC မှာကျခဲ့ပြီး ESTC မှာစိတ်ပျက်ခြင်းခံခဲ့ရပါတယ်...။ Mushi ရဲ့ CCM တရုတ်အသင်းကို ထွက်ခွာမှုနဲ့အတူ hyhy ဟာ Nirvana my ဝက်ဘ်ဆိုက်ရဲ့ 2010 SMM မှာ အဆင့်သတ်မှတ်ခြင်း ထည့်သွင်းခံခဲ့ရပါတယ်..။ ဒါပေမယ့်လည်း SMM မှာ သူတို့ဟာ အဆင့်6နေရာကိုပဲရရှိခဲ့ပါတယ်။ SMM မှာသူတို့ရဲ့စိတ်ပျက်စရာအခြေအနေတွေကြောင့် hyhy ဟာ Nirvana my က ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်...။
                    မကြာမီမှာဘဲ hyhy ဟာ Scythe gaming မှာ Koy နှင့် YamataH တို့ရဲ့ကစားဖော်ဖြစ်လာပါတယ်...။ hyhy ဟာ ADC မှာ Scythe နှင့်အတူအနိုင်ရရှိခဲ့ပါတယ်...။ IPDC မှာလည်း ဒုတိယနေရာရရှိခဲ့ပါတယ်...။ ဒါပေမယ့် Scythe ရဲ့ငွေကြေးအခက်အခဲပြသနာများကြောင့် Koy နှင့် YamataH အသင်းမှထွက်ခဲ့ပါသည်...။ Scythe gaming ဟာ dota 2 ကို နိုင်ငံတကာကိုပြိုင်ဖို့ဖိတ်ခေါ်ခဲ့ပါရပါတယ်...။ hyhy ဟာစင်ကာပူအသင်းမှာ တစ်ပတ်ကြာ ဝင်ရောက်လေ့ကျင့်ခဲ့ပါတယ်...။ ဒါပေမယ့် ဂျာမနီမှာ Scythe ဟာ G GNET ကို nevo MYM and EHOME အသင်းများကိုနိုင်ခြင်းအားဖြင့် လူတိုင်းကိုအံ့အားသင့်စေနိုင်ခဲ့ပါသည်။ Hyhy ဟာ MYM ကိုကျန်သော Scythe အသင်းသားများနှင့်သာမက မလေးရှားနာမည်ကြီးကစားသမား YamateH နှင့်အတူ နိုင်ငံတကာပွဲစဉ်များပြီးခါနီးတွင် ယှဉ်ပြိုင်ခဲ့ပါသည်...။ သူတို့ရဲ့ပထမဆုံးပွဲစဉ်ကတော့ ESTC ဖြစ်ပြီး ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပါသည်...။ MYM တွင်မတည်ငြိမ်သော အခြေနေများကြောင့် iceiceice အကြံပေးမှုဖြင့် ထိပ်သီးအသင်းတစ်ခုဖြစ်တဲ့ Zenith သို့ဝင်ရောက်ခဲ့ပါတယ်...။ Zenith သည် CLG အသင်းမှ Loda အပါအ၀င် ProDota2 World League နှင့် အခြား online ပွဲစဉ်များတွင် ပါဝင်ခဲ့ပါသည်...။ သူတို့အသင်းဟာ Internationals in 2012 ပွဲစဉ်ကိုလည်း ဖိတ်ကြားခြင်း ခံခဲ့ရပါသည်...။

International in 2012 အပြီးမှာတော့ ဒိုတာလောကနဲ့ ခေတ္တအဆက်ပြတ်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ဆုံးတော့လည်း သူဟာ မလေးရှား E-sport အဖွဲ့ဖြစ်တဲ့ MUFC ရဲ့ Dota ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်...။

အသင်းအလိုက် သူရရှိခဲ့တဲ့ဆုတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်...။

Zenith =>
    1st Place Electronic Sports World Cup (2008)
    1st Place JoinDOTA Masters IV (2012)
    1st Place The Evolution Singapore Grand Final (2012)
    2nd Place Gigabyte Dota Masters (2012)
    1st Place It's Gosu Monthly Madness Asia (2012)

Aeon =>
    1st Place Asian DotA Championship III (2009)

Scythe =>
    1st Place Asian DotA Championship IV (2011)
    2nd Place i-City Pro DotA Tournament (2011)
    3rd Place Dota 2 The International (2011)

Like Us On Facebook - Myanmar Dota Group