30 June 2013

Dota အရူးတိုင်း မသိမရှိတဲ့ YaphetS


                            နိုင်ငံတကာမှာ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူလည်းဖြစ်၊ ဒိုတာအရူးတိုင်း မသိမဖြစ်တဲ့ Bu Yanjun လို့ခေါ်ပေမဲ့ အများကသိကြတဲ့ PIS or YaphetS ဖြစ်ပါတယ်။ သူဟာ သူ့အသင်း Nirvana.cn ကို World DotA Championship Title in 2010 မှာ အနိုင်ယူပေးနိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ Dota II လောကထဲကို ဝင်ရောက်သွားပြီဖြစ်ပါတယ်။ သူဟာ ဒိုတာလောကမှာ အကျော်ကြားဆုံးဖြစ်လာတာကတော့ Hero Shadow Fiend ကို သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချမှုကြောင့် ဖြစ်ပါတယ်။

                           သူဘာလို့လူသိများလာတာလဲဆိုတော့ သူဂိမ်းကစားပုံ ဗွီဒီယို တွေဟာ sGamer.com မှာ လူအများက ဒေါင်းလော့ဆွဲကာ ဒိုတာ ပါရမီရှင် တဦးအဖြစ်သတ်မှတ်ခံရတာက စပါတယ်။ February 2008 မှာတော့ YaphetS နဲ့ သူ့အသင်း Sison ဟာ ပထမဆုံးပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းပြိုင်ပွဲတွေမှာ သူ့အသင်းဟာ အရည်အချင်းမမှီဘူးလို့ သတ်မှတ်ခံရပြီး ခိုးချတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ YaphetS အနေနဲ့လည်း လူအများရဲ့ ပြောခြင်းခံရပြီးတော့ ဒိုတာလောကကနေ ခဏတာ ပျောက်သွားပါတယ်။ May 2008 မှာတော့ Old School Chinese Team maGe ဟာ YaphetS နဲ့အတူ ပြန်လာခဲ့ပါတယ်။ sGamer.com မှာ ဗျူးတဲ့ interview မှာတော့ သူဟာ ကြေညာခဲ့ပါတယ်။ သူ့ရဲ့  နောင်လာမယ့် အစီအစဉ်တွေကတော့ တရုတ်မှာတင် ကစားဖို့မဟုတ်ဘဲနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်အနိုင်ယူမှာလို့ဖြစ်ပါတယ်။ September 2009 မှာတော့ WCG က regional qualifier မှာ သူ့ရဲ့အများနဲ့မတူတဲ့ ကျွမ်းကျင်စွာ ကစားနိုင်မှုကြောင့် အခြားအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ တစ်လအတွင်းမှာပဲ သူဟာ Professional Team ဖြစ်တဲ့ cYc ရဲ့ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်။ အဲဒီအသင်းနဲ့ပဲ သူဟာ အဲဒီအချိန်က ထိပ်သီးအသင်းတွေဖြစ်တဲ့ EHOME and CH တွေကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်း Captain ရဲ့ မှားယွင်းမှုကြောင့် သူဟာ Devilnam အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ 2009 အကုန်မှာတော့ YaphetS ဟာ G5 အသင်းကို လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပရိုဖက်ရှင်နယ်မပီသမှုကြောင့် သူ့အသင်းဟာ AWTV မှာ ရုရှားအသင်း Rox.Kis ကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ G5 အသင်းဟာ ဒိုတာလောက ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ သူ့ရဲ့ ပရိုဖက်ရှင်နယ်ကစားသမားဘဝအတွက် သူဟာ CH အသင်းကို 2010 မှာ ဝင်ရောက်ခဲ့ပါတယ်။ YouTube movie "Perfect is shit" မှာ သူ့ရဲ့ သူမတူတဲ့ ကစားမှုကြောင့် သူဟာ ပေါ်ပြူလာ ဖြစ်လာခဲ့ပြန်ပါတယ်။ သူ့ရဲ့အသင်းဟာ Nirvana.cn ကို သူ့ရဲ့  Hero Shadow Fiend ဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် အသင်းသမားချင်း အဆင်မပြေမှုကြောင့် သူဟာ CH အသင်းကနေထွက်ခဲ့ပြီး Nirvana.cn ကို ပြောင်းခဲ့ပါတယ်။ ဒါပြီးတော့ World Cyber Games China 2010 မှာ အနိုင် ရရှိခဲ့ပြီးတော့သူတို့အသင်းဟာ နိုင်ငံတကာ ဒိုတာလောကမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ World DotA Championship မှာ Deity အသင်းကို နောက်ဆုံးမှာ အနိုင်ရရှိပြီးတော့ ပထမဆု ရရှိခဲ့ပါတယ်။ သူနဲ့ YamateH ဟာ 1v1 ကစားပြီး The Best Player Of Shadow Fiend in the world ဆုကို သူရရှိခဲ့ပါတယ်။ Razer Global Challenge မှာလည်း သူ့အသင်းဟာ Europeans တွေနဲ့ ထိပ်တိုက်ကစားပြီး အနိုင်ယူခဲ့ပါတယ်။ 2011 အစမှာတော့ သူဟာ DK အသင်းကဖိတ်ခေါ်တဲ့ Galactico Squad ကို ပါဝင်ခဲ့ပြီး 6 လလောက် အတူတကွ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ G-League season 1 ရဲ့ အဆုံး DK အသင်း ဒုတိယဆု ရပြီးနောက်မှာ သူဟာ Professional DotA ကစားသမား အဖြစ်ကနေ အနားယူခဲ့ပါတယ်။
းအနားယူပြီး သူ့ရဲ့ First-person Videos တွေကို Youtube မှာ မိတ်ဆက်ခဲ့ပါတယ်။ http://www.gosugamers.net/dota/replays/31936 ဒီ replay ကတော့ သူရဲ့အကောင်းဆုံးဖြစ်ပါတယ်။ Ch vs Nirvana.cn ပါ...။
                                ယခုအချိန်မှာတော့ သူက DotA II လောကထဲကို Vici Gaming နဲ့အတူ ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။ Vici အသင်းဟာ Dark House နဲ့အတူ DotA II လောကကို ပြန်လာခဲ့ပါတယ်။ သူတို့ဟာ ပြိုင်ပွဲမှာရှုံးနိမ့်ခဲ့ပေမယ့်လည်း နောင်တစ်ချိန်မှာ ဟီးရိုးဖြစ်နိုင်ကြောင်းကို လက်တလောတင် အနားယူသွားပြီဖြစ်တဲ့ YaphetS ကို DotA II လောကထဲဝင်ရောက်အောင် ခေါ်ယူပြီးသက်သေပြနိုင်ခဲ့ပါတယ်။ DotA II ကို China ပြိုင်ပွဲတွေအပေါ်မူတည်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခုတော့ Warcraft III ကို ကစားနေဆဲဖြစ်ပါတယ်.........။

ဒါကတော့ သူရရှိခဲ့တဲ့ ဆုတွေဖြစ်ပါတယ်။

=> City Hunter
3rd Place NGF (2010)
2nd Place U9 (2010)
3rd Place Electronic Sports World Cup Chinese Qualifiers (2010)

=> Nirvana.cn

1st Place WCG China (2010)
2nd Place G-League Season 2 (2010)
2nd Place National eSports Open (2010)
2nd Place Topgamer (2010)
1st Place World DotA Championship (2010)
1st Place Razer Global Challenge (2010)
3rd Place SMM Grand National DotA Tournament (2010)
2nd Place World Gamemaster Tournament (2011)

=> DK

2nd Place WCG side event (2011)
2nd Place G-League season 1 (2011)
3rd Place ECL offline season 2 (2011)
3rd Place G1 Tournament (2011)

အားလုံး ကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်။

Like Us On Facebook - Myanmar Dota Group