24 June 2013

The Best Medusa Player in the world - Gong Jian (ZSMJ)


                           
ZSMJ  ရဲ့နာမည်အရင်းကတော့ Gong Jian ဖြစ်ပါတယ်...။ ဒါပေမယ့်သူ့ကို ZSMJ ဆိုပြီးပိုလို့လူသိများပါတယ်...။ သူကတော့ carry ကစားတွေထဲမှာ အကောင်းဆုံးတစ်ယောက်ဖြစ်ပါတယ်...။ ZSMJ ဟာ DotA လောကထဲကိုမ၀င်ခင်မှာ DotA လိုမျိုး ဂိမ်းတွေကိုအရင်ဆော့ခဲ့ပါတယ်...။ ZSMJ ဟာ CDEC clan မှာအရင်ဆုံး ဆော့ခဲ့ပါတယ်...။ သူ့ရဲ့ ကစားပုံ ကစားကွက်တွေ ကိုသဘောကျတဲ့အတွက် 2009 ခုနစ်မှာ FTD clan ကသူ့ကို ခေါ်ယူခဲ့ပါတယ်...။ 2009 ခုနစ် November လမှာ Malaysia နိုင်ငံအတွင်းပြုလုပ်ကျင်းပတဲ့ SMM Grand National Dota Tournament မှာ ZSMJ ပါဝင်တဲ့ FTD clan ဟာ Kingsurf caln နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်...။
                            ZSMJ က carry အဖြစ် Medusa ကိုင်ပါတယ်...။ အဲ့ဒီပွဲမှာ FTD clan ရဲ့ Flying Courier ဟာတစ်ဖက်အသင်း မှ Beastmaster ရဲ့ အသတ်ခံ ခဲ့ရပါတယ်...။ Courier ထဲမှာ ZSMJ ရဲ့ Sacred Relic ( 3800) ပါသွားပါတယ်...။ ဒါပေမယ့် ZSMJ ကမူလအခြေအနေမပျက် ဆက်လက်ကစားခဲ့ပါတယ်...။ ZSMJ ဟာနောက်ထပ် 7 မိနစ်အတွင်းမှာ Sacred Relic နောက်တစ်ခုထပ်ရခဲ့ပါတယ် သူတို့ အသင်း Captain ရဲ့ order တွေနဲ့အတူ တစ်သင်းလုံးညီညွတ်စွာကစားခဲ့ကြပါတယ်...။ နောက်ဆုံးမှာတော့ ပွဲအခြေအနေတွေပြောင်းလဲခဲ့ပြီးသူတို့ clan ဟာ Kingsurf clan ကိုအနိုင်ရရှိသွားပါတယ်...။ နောက်ပိုင်း Final မှာတော့ သူတို့ clan ဟာ cD clan ကို အနိုင်ရရှိပြီး Champion ဆုကိုရရှိခဲ့ပါတယ်...။
                             2009 ခုနစ်ကုန်ခါနီးမှာ LGD Gaming( LGD ) company ဟာ FTD clan ကို စပွန်ဆာ ပေးခဲ့ပါတယ်..။ June 2010 မှာ တရုတ်ပြည်အတွင်းပြုလုပ်ကျင်းပတဲ့ ACG Chinese Qualifiers မှာ FTD clan ဟာ EHOME clan နဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်...။ EHOME clan ဟာ ပွဲ အစပိုင်းမှာ ပွဲသာနေခဲ့ပါတယ်...။ ဒါပေမယ့် ZSMJ ကိုင်တဲ့ Medusa item ထွက်တဲ့နောက်ပိုင်းမှာတော့ အခြေအနေတစ်မျိုးပြောင်းလဲသွားပါတယ်...။ ပွဲအချိန် 45 မိနစ်မှာ ZSMJ ဟာ အခြား item များအပါအ၀င် Divine Rapier ကို ဆက်လို့ပြီးသွားပါတယ်...။ ဒါပေမယ့် 52 မိနစ်ကိုရောက်တဲ့အချိန်မှာ ZSMJ ကိုင်တဲ့ Medusa ဟာ သတ်ခံရပြီး Divine Rapier ကောယူသွားခံခဲ့ရပါတယ်...။ ZSMJ ဟာချက်ချင်းဆိုသလိုပဲ buyback လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး နောက်ထပ် Divine Rapier တစ်ခုဆက်ကာပွဲကို အဆုံးသတ်ပေးခဲ့ပါတယ်...။
                        2011 August လမှာတော့ Invictus Gaming Company ဟာ ZSMJ ရဲ့အသင်းထဲမှ member 4 ဦးကိုခေါ်ဆောင်သွားခဲ့တဲ့အတွက် ZSMJ ဟာ LGD မှာပဲကျန်ရစ်ခဲ့ပါတယ်...။ LGD ဟာ အခြားကစားသမားတွေနဲ့အတူ clan အသစ်ထပ်လုပ်ခဲ့ပါတယ်...။ ဒါပေမယ့် သူတို့မအောင်မြင်ခဲ့ပါဘူး...။ 2011 ခုနစ်နောက်ပိုင်းမှာတော့ ZSMJ ဟာ LGD မှ နှုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ပြီး Dota လောကမှပျောက်ကွယ်သွားခဲ့ပါတယ်....။ ဒါပေမယ့် ZSMJ ဟာ carry ကစားတွေထဲမှာတော့ အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး...။



Like Us On Facebook - Myanmar Dota Group